30 Dec 12, 01:12 AM
thannaing: ကိုလွင်မင်းဗိုလ်ရေ
အကုညီ တခုလောာက်တောင်းချင်လို့ပါ ကျွန်တော့်စက်မှာ ဝင်ဒိုး8တင်လိုက်တာ
မြန်မာစာတွေလည်း ပြောင်းတိပြောင်းပြန်တွေ ပေါ်နေတယ် အင်တာနက်လည်း
သုံးလို့မရေတော့ဘုး သီချင်းလည်း နာထောင်လိုမ၇တော့ဘူး driver့
30 Dec 12, 01:17 AM
thannaing: driver
ခွေထည်းပြီး အင်စတောလုပ်တော့လည်း ဝင်းဒိုး၈ကို မရဘူး ဝင်းဒိုး၇ဘဲရတယ်
ပြောပြီးအင်စတော လုပ်လို့မရဖြစ်နေတယ် အစ်ကို အဲဒါ ဘယ်လိုလုပ်ရလဲဆိုတာ
ကျေးဇူးပြုပြီးဖြေပေးပါအုံးနော် ကျေးဇူးအထူးတင်လျှက်ပါ
30 Dec 12, 10:52 AM
လွင်မင်းဗိုလ်:
မြန်မာစာတွေ ပြောင်းပြန်ဖြစ်တယ် ဆိုတာကတော့ W8မှာ
မြန်မာစာဖေါင့်ပါပြီးသားမို့ Zawgyi-One ထည့်ပြီး ဖေါင့်ပြောင်းပေးမှသာ
မြန်မာစာအမှန်ပေါ်မှာပါ.။ အားလုံးပဲအဆင်ပြေကြပါစေ.
ဒီနည်းလေးက Windows Vista ခေတ်က စက်တွေကို Windows 7 ပြောင်းတင်ပေးတဲ့
အခါမှာ အတော်လေး အသုံးဝင်ခဲ့တဲ့ နည်းလေးပါ..။ အခု Windows 7 တင်ထားတဲ့
စက်တွေကို Windows 8 ပြောင်းတင်တဲ့အခါမှာလည်း ဒီနည်းနဲ့ပဲ အဆင်ပြေတာ
များပါတယ်..။ တချို့စက်တွေမှာတော့ မရတတ်ပါဘူး..။ Driver Backup လုပ်ထားတဲ့
ဖိုင်ပေါ်မှာ မူတည်ပြီး လိုအပ်တဲ့ Drivers ကို Force ရိုက်ထည့်တဲ့အခါ
Install ဝင်တဲ့အခါ ရှိသလို encountered a problem installing စာသားမျိုးနဲ့
မရတဲ့အခါလည်း ရှိခဲ့ပါတယ်..။ အဲ့လိုမျိုး Force ရိုက်ထည့်လို့မှ မရရင်တော့
Fresh ဖြစ်တဲ့ Drivers တွေကို မူရင်းဝဘ်ဆိုဒ်တွေမှာ သွားပြန်ဒေါင်းယူပြီး
Install ထည့်လိုက်ရင်တော့ ရသွားပါတယ်..။ Windows 7 ရဲ့ Drivers တွေကို
Windows 8 မှာလည်း အသုံးပြုလို့ ရတာမို့.. အောက်မှာပြထားတဲ့ ပုံလေးတွေက
ကျနော့်သူငယ်ချင်းစက်ကို Windows 8 Pro တင်ပေးပြီးတဲ့အခါ VGA Graphic
Driver လိုနေလို့.. Windows 7 မှ Drivers Backup လုပ်ထားတဲ့ ဖိုင်ထဲကနေ
ရိုးရိုး Install နဲ့ မဝင်လို့ Force ရိုက်ပြီးထည့်ထားတဲ့ ပုံလေးတွေပါ..။
အရင်စက်တလုံးမှာ တင်ပေးခဲ့တဲ့ Windows 8 Enterprise ဗါးရှင်းမှာတော့
Drivers တွေ မပျောက်ပဲ အားလုံးပုံမှန် အလုပ်လုပ်ပါတယ်..။ အခု Windows 8 Pro
ဗါးရှင်းမှာတော့ VGA Graphic တခုပျောက်သွားလို့ ဒီ Force ရိုက်နည်းနဲ့
ထည့်မှ အဆင်ပြေသွားပါတယ်..။ ဒီလို Windows 7 မှ Drivers တွေ Windows 8 မှာ
Install ထည့်လို့ အဆင်မပြေသေးတဲ့သူများ ဒီအောက်က ပုံလေးတွေနဲ့
စာတွေပါ သေချာလေ့လာပြီး လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။
လိုအပ်တဲ့သူများ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..။
အရင်ဆုံး ဒီအောက်မှာ ပြထားတဲ့ ပုံကတော့ VGA Graphic Driver ပျောက်နေလို့
Sleep မပေါ်တာပါ..။ ဒီလိုအပ်နေတဲ့ Driver ကို Windows 7 မှာ Driver Backup
လုပ်ထားတဲ့ ဖိုင်ထဲကနေ အခု Windows 8 ထဲကို Force ရိုက်ပြီး
ပြန်ထည့်မှာပါ..။ ဒီပုံက Windows 7 ကပုံမဟုတ်ပါဘူး..။ Windows 8 မှာ Start
Menu ပေါ်အောင်လို့ အရင်လက တင်ပေးခဲ့တဲ့ KJ - Windows 8 Activator ထဲက Start
Menu ဆော့ဝဲလ်နဲ့ လုပ်ထားတာပါ..။
ကျနော် အောက်ကပုံအတိုင်း Windows 7 မှာ သွားနည်းအတိုင်း Manage ကနေ
Driver တွေရှိတဲ့နေရာကို ဝင်လိုက်ပါတယ်..။ windows 8 မှာ Windows 7 Start
Menu ထည့်မထားတဲ့သူများကတော့ အောက်ကဒုတိယပုံအတိုင်း ဝင်သွားလိုက်ပါ..။
Computer Management ထဲကို ရောက်ရင် အောက်ကပုံအတိုင်း မိမိတို့စက်ရဲ့
Drivers တွေ လိုအပ်တဲ့ နေရာကို သွားပြီး အောက်ကပုံအတိုင်း Right
Click ထောက်ပြီး Update Driver Software နေရာကို ကလစ်လိုက်ပါ..။
အောက်ကပုံတွေအတိုင်း ဆက်နှိပ်သွားလိုက်ပါ..။ ဒါက ရိုးရိုး Install
ထည့်ပြထားတာပါ..။ ရိုးရိုးထည့်တာ မဝင်လို့ အောက်ဆုံးက ပုံတွေမှာ Force
ရိုက်ပြီး ပြန်ထည့်ပြထားပါတယ်..။
Browse ကနေ Driver Backup လုပ်ထားတဲ့ ဖိုင်ထဲကို ဝင်လို့ရအောင် ညွှန်ပြပေးလိုက်ပါ..။ ပြီးရင်တော့ Next ကိုနှိပ်ပါ..။
အပေါ်က ပုံကတော့ ရိုးရိုးထည့်တာ မရလို့ encountered a problem installing
စာသားနဲ့ ဖေါ်ပြလာပါတယ်..။ အဲ့ဒီတော့ ကျနော်တို့
နောက်ပြန်ဆုတ်ပြီး အောက်ကပုံအတိုင်း Force ရိုက်ထည့်ဖို့ အတွက်
ဆက်လုပ်ပါတယ်..။
အပေါ်ပုံ Have Disk >> Browse ကနေ ဝင်ပြီး ကျနော်သိမ်းထားတဲ့ Driver
Backup ဖိုင်ရှိတဲ့ထဲမှ ဒီလိုအပ်နေတဲ့ Driver ကို အောက်ကပုံလေးတွေအတိုင်း
တဆင့်ချင်းစီ ဝင်ပြီး သူပြထားတဲ့ ဖိုင်လေးကို ဝင်ရွေးပေးလိုက်ပါ..။
ဒီနေရာမှာ တခုရှိတာက မိမိတို့စက်ရဲ့ လိုအပ်နေတဲ့ Driver
နာမည်ကို သေချာသိဖို့တော့ လိုပါတယ်.. ဒီပုံမှာဆိုရင် ကျနော်လိုနေတာက VGA
Graphic Driver ဖြစ်တဲ့အတွက် Display ဖိုင်ထဲမှာ ဝင်ယူပါတယ်..။ တကယ်လို့
မိမိတို့ လိုအပ်တဲ့ Driver က Bluetooth အတွက်ဆိုရင် Bluetooth ဆိုတဲ့
ဖိုင်ထဲမှာ ဝင်ယူပါ..။ ဝါယာလက်စ် အတွက်ဆိုရင် Net ဆိုတဲ့ဖိုင်ထဲမှာ
ရှိပါတယ်..။ ဒါကြောင့်မို့ မိမိတို့စက်ရဲ့ လိုအပ်တဲ့ Driver ကို
ဘယ်ဖိုင်ထဲမှာ ဝင်ယူရမယ်ဆိုတာ သိထားဖို့အတွက်
ဒီနေရာမှာ ဖေါ်ပြပေးလိုက်တာပါ..။ ဆက်ကြည့်ပါဗျာ..
အပေါ်ပုံနဲ့ အောက်ပုံအတိုင်း .inf ဆိုတဲ့ ဖိုင်နာမည်လေးက File
name နေရာမှာ ပေါ်နေပါလိမ့်မယ်..။ ကျနော်က Display ဖိုင်ထဲကနေ ဒီ .inf
ဖိုင်လေးကို ဝင်ယူရမှာပါ..။ များသောအားဖြင့် တခုပဲ ပေါ်တတ်ပါတယ်..။
တချို့စက်တွေမှာ ၂ခု၊၃ခု ပေါ်ခဲ့ရင်တော့ တခုချင်းစီ အလှည့်ကျ
လိုက်ရွေးပေးလိုက်ပါ..။ ဆိုလိုတာက ၃ခုပေါ်ခဲ့ရင် အပေါ်ဆုံးတခုကနေ စပြီး
အရင်ယူထည့်ကြည့်ပါ..။ မရရင် ဒုတိယတခု ထပ်ယူပြီးထည့်ပါ..။ မရသေးရင် တတိယ တခု
ထပ်ယူထည့်ပါ..။ အဲ့လိုမျိုးကို ဆိုလိုတာပါ..။ ဒီမှာတော့ ဖိုင်လေး
တခုပဲ ပေါ်တဲ့ အတွက် အဲ့ဒီတခုကိုပဲ ကလစ်ပြီး
ယူထည့်ပေးလိုက်ပါတယ်..။ အောက်ကပုံအတိုင်းပါ..။
မိမိကလစ်လိုက်တဲ့ ဖိုင်လေးက အပေါ်ပုံအတိုင်း File name နေရာမှာ ဝင်သွားပြီဆိုမှ Open >> OK ဆက်နှိပ်ပေးပါ..။
အပေါ်ပုံအတိုင်း Next ပေးလိုက်ရင်တော့ အောက်ကပုံအတိုင်း Installing လုပ်ပါလိမ့်မယ်..။ ခဏစောင့်နေပေးလိုက်ပါ..။
အောက်ကပုံအတိုင်း Successfully ဆိုရင်တော့
Close ပေးလိုက်ပါ.. ပြီးရင်ပေါ်လာတဲ့ ဘောက်စ်ထဲမှာ ဆက်ပြီး Yes
ပေးလိုက်ပါ..။ စက်ပိတ်ပြီး ပြန်ပွင့်လာရင်တော့ ကျနော် Force
ရိုက်ထည့်လိုက်တဲ့ VGA Graphic Driver အောင်မြင်စွာနဲ့ စက်ထဲ Install
ဝင်သွားပါပြီ..။
စက်ပြန်တက်လာရင်တော့ ဂရပ်ဖစ် Driver ဝင်သွားလို့
အလုပ်လုပ်နေပြီ ဖြစ်တဲ့အတွက် အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်း Sleep
စာသားလေး ပေါ်လာပါပြီ..။ ဂရပ်ဖစ် ဝင်သွားတဲ့ အတွက် ဂိမ်းတွေလည်း ကစားလို့
ရသလို၊ Desktop မှာ ပုံမှန်မဖြစ်သေးတဲ့ Icon တွေလည်း
ပုံမှန်ပြန်ဖြစ်သွားပါပြီ..။

















No comments :
Post a Comment