Galaxy S DUOS 2 (GT-S7582) အတွက် Android 4.2.2 firmware (N/a) ကိုတင်ပေးလိုက်ပါတယ်။
Firmware Version Info (PDA: S7582DDUANE2 CSC: S7582ODDANE3
MODEM: S7582DDUANE1 CHANGELIST: 2670115 BUILD DATE: 09.05.2014)
Device Name - Galaxy S DUOS 2
Model - GT-S7582
Region - BNG (N/a)
Version - S7582DDUANE2
OS - Android
OS Version - 4.2.2
Build Date - 09.05.2014
Changelist - 2670115
ဒီမှာ
Sunday, July 13, 2014
Saturday, July 12, 2014
Android ဖုန်းများအား ကွန်ပျူတာမလိုပဲ Root ဖေါက်ပြီး မြန်မာစာထည့်နည်း
Lenovo A516 Android 4.2.2 ဖုန်းအား Baidu Root APK ဖြင့် Root ဖေါက်ပြီး မြန်မာစာထည့်နည်း
ဒီဆော့ဝဲလ်လေးတွေနဲ့ ဒီပိုစ့်ကို တင်ပေးဖို့ ပုံတွေစုထားတာ အနည်းငယ်
ကြာသွားပါပြီ..။ အရင် တစ်လကျော်လောက် ကတည်းက Lenovo Android စမတ်ဖုန်းတွေ
ဈေးကျလာတဲ့အတွက် မြန်မာပြည်သားများ အသုံးပြုတာလည်း များလာပါတယ်..။ မြန်မာစာ
ထည့်ပေးဖို့.. ဖုန်းအသစ်ဝယ်ပြီးတိုင်း ကျနော့်ဆီကို
ရောက်လာတတ်တဲ့သူငယ်ချင်းတွေ ရှိတာကြောင့် ကွန်ပျူတာမလိုပဲ အလွယ်တကူ
လုပ်ပေးလို့ ရတဲ့ Root တူး လေးတွေနဲ့ မြန်မာဖေါင့် Zawgyi Changer
လေးတွေကို ရှာဖွေ စုဆောင်းထားတဲ့ထဲက ဒီ Lenovo ဖုန်းတွေနဲ့ အဆင်ပြေစေတဲ့
APK လေးတွေကို ဒီပိုစ့်နဲ့ အတူ စုပြီး တင်ပေးလိုက်ပါတယ်..။ Lenovo Android
4.2.2 တွေကို Root ဖေါက်နိုင်တဲ့ APK လေးကတော့ Baidu 2.3.9 တရုတ် Root apk
လေးပဲ ဖြစ်ပါတယ်..။ နောက်ဆုံးထွက် ဗါးရှင်းလေးပါ..။ တရုတ်ဘာသာနဲ့ပဲ
အသုံးပြုရမှာ ဖြစ်ပါတယ်..။ ကျနော် တရုတ်စာ တတ်လို့ မဟုတ်ပါ..။
ရမ်းနှိပ်ရင်း မှန်သွားလို့၊ ဒီကောင်လေးကို အသုံးပြုတတ်အောင်ပါ နှိပ်ရမယ့်
နေရာလေးတွေနဲ့ မြန်မာစာ ထည့်ပေးတဲ့ Zawgyi Installer လေးတွေကိုပါ
ထည့်တတ်အောင် ပုံလေးတွေနဲ့ တဆင့်စီ ပြပေးထားပါတယ်..။ Lenovo Android 4.2.2
တွေမှာတော့ မြန်မာစာ အားလုံးပေါ်စေတဲ့၊ ကီးဘုတ်ပါ တွဲရက်ပါလာတဲ့ Smart
Zawgyi Changer လေးတွေနဲ့သာ အဆင်ပြေပါတယ်..။ တခြား font changer တွေနဲ့
မရပါ။
ဒီ Baidu Root apk နဲ့ Smart Zawgyi Changer ကို Lenovo စမတ်ဖုန်း
၅-လုံးလောက်မှာ မြန်မာစာအမှန်ပေါ်အောင် အဆင်ပြေစေခဲ့ပြီ..။ ဒါကြောင့် Lenovo
စမတ်ဖုန်းတွေ ဈေးကျလာလို့ အသုံးပြုလိုတဲ့ သူများနဲ့၊ ဖုန်းဆိုင်တွေနဲ့
ဝေးပြီး မြန်မာစာ ထည့်ဖို့ အခက်တွေ့နေတဲ့ သူများအတွက်
ကိုယ်တိုင်လုပ်တတ်ပြီး အဆင်ပြေအောင် ဒီနေ့ ဒီပိုစ့်လေးကို
တင်ပေးလိုက်ပါပြီ..။ မနေ့ကလည်း Sony xperia Z (Android 4.2.2)
စမတ်ဖုန်းတလုံးကို အခုတင်ပေးလိုက်တဲ့ ဆော့ဝဲလ်လေးတွေနဲ့ Root ဖေါက်ပြီး
မြန်မာစာ ထည့်ပေးလို့ရပြီ..။
တခုသတိပြုရမှာကတော့ ဖုန်းတွေကို Root ဖေါက်တယ်ဆိုတာ ကောင်းတာရှိသလို
မကောင်းတဲ့အခါမှာလည်း ဖုန်းပျက်တတ်ပါတယ်..။ ဒါကြောင့် ဒီဆော့ဝဲလ် apk
တွေကို အသုံးပြုမယ့် သူများကတော့ ဖုန်းပျက်တဲ့အခါ ကျနော့်ကို အပစ်မတင်ဖို့
ကြိုတင် တောင်းပန်အပ်သည်..။ ဖုန်းပျက်မှာ ကြောက်တဲ့သူများကတော့ Root
မဖေါက်ပါနဲ့လို့သာ အကြံပြုရပေတော့မည်..။ အသုံးပြုလိုတဲ့ သူများကတော့
အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ Baidu Root ,
Smart Zawgyi Changer (၂-မျိုး) , Root ရမရ စစ်ပေးမယ့် Root Checker Pro
စတဲ့ APK လေးတွေ စုထည့်ပေးထားလို့ 7 MB ရှိပါတယ်..။
(OR)
Lenovo ဖုန်းတွေမှာတော့ ဖုန်းမော်ဒယ်နဲ့ Android ဗါးရှင်းကို Setting
>> Version Infos ကနေ ကြည့်ရင် အောက်ကပုံလေး အတိုင်း တွေ့ရမှာပဲ
ဖြစ်ပါတယ်..။
အပေါ်မှာ တင်ပေးထားတဲ့ APK လေးတွေကို ဒေါင်းယူပြီးရင်တော့ via USB Cable or
Card Reader နဲ့ မန်မိုရီကတ်ထဲကို ကူးထည့်ပါ..။ ပြီးရင်တော့ Lenovo
ဖုန်းရဲ့ File Browser ကနေသွားပြီး တရုတ်စာနဲ့ ရေးထားတဲ့ root 2.3.9 ဆိုတဲ့
APK လေးကို တခြားဆော့ဝဲလ်တွေနည်းတူ Install အရင်ထည့်ပါတယ်..။
အောက်ကပုံလေးတွေအတိုင်း Install ထည့်ပြီးရင် Open နဲ့ ဖွင့်လိုက်ပါ..။
အောက်ကပုံလေးတွေအတိုင်း ဆက်ပေါ်လာရင်တော့ မျှားပြထားတဲ့ နေရာလေးတွေကို နှိပ်သွားလိုက်ပါ..။
အောက်ကပုံအဆင့်မှာတော့ ဖုန်းကို Root ဖေါက်နေပါပြီ..။ ခဏစောင့်နေလိုက်ပါ..။ တစ်မိနစ်မပြည့်ခင် ပြီးပါတယ်..။
အစိမ်းရောင် အမှန်ခြစ်လေး ပေါ်လာရင်တော့တော့ မိမိတို့ရဲ့ ဖုန်းကို Root
ဖေါက်လို့ ရသွားပြီ ဖြစ်ပါတယ်..။ Root မရတဲ့ဖုန်းတွေမှာဆိုရင်တော့
အနီရောင်နဲ့ ပေါ်ပါတယ်..။ Root ရမရ သိရအောင် Root Checker Pro
ဆော့ဝဲလ်လေးနဲ့ စစ်ကြည့်ပါ..။ Root ရပြီဆိုရင် မြန်မာစာ ပေါ်အောင် ဆက်ပြီး
အောက်က အဆင့်တွေအတိုင်း လုပ်လို့ ရပါပြီ..။
အရင်ဆုံး Smart Zawgyi Changer ၂-ခုထဲက ဇ ပုံလေးနဲ့ MMSD Smart Zawgyi
Changer ကို အသုံးပြုပါတယ်..။ မြန်မာစာ ရတာ သေချာပါတယ်..။ အားနည်းချက်ကတော့
တရုတ်စာတွေ ပျောက်သွားပါတယ်..။ ဒါကြောင့် တရုတ်စာ ရေးတတ်၊ ဖတ်တတ်တဲ့
သူများကတော့ ဒီဖေါင့်ကို မသုံးသင့်ပါ..။ တရုတ်စာ မသုံးတဲ့ သူများကတော့
ဒီဖေါင့်ချိန်ဂျာကို အောက်ကပုံလေးအတိုင်း ဆက်ပြီး ထည့်သွားလိုက်ရင်
မြန်မာစာ ရပါပြီ..။
Install ထညြ့်ပီးလို့ ဖွင့်လိုက်ရင်တော့ အောက်ဒုတိယပုံအတိုင်း မြင်ရမှာ
ဖြစ်ပါတယ်..။ အစိမ်းရောင်နဲ့ ရေးပြထားတဲ့ (Root ရှိ မရှိ စစ်ဆေးပါ)
စာသားကို တချက်နှိပ်လိုက်ပါ..။ Root Access တောင်းခဲ့ရင်တော့ အောက်က
မျှားပြထားတဲ့ နေရာကို တချက်နှိပ်ပေးလိုက်ပါ..။
Root ရပြီးရင်တော့ အောက်ကပုံအတိုင်း ဆက်ပြီး ပေါ်လာပါလိမ့်မယ်..။ မိမိတို့
ဖုန်းနဲ့ တူတဲ့ စာသားကို ရွေးနှိပ်သွားလိုက်ပါ..။ Lenovo ဆိုရင်တော့
အပေါ်ဆုံးက စာသားကို နှိပ်သွားလိုက်ပါ..။
အောက်ကပုံလေးအတိုင်း Complete စာသားနဲ့ ပေါ်လာရင်တော့ OK ပေးလိုက်ပါ..။
ဖုန်းပိတ်ပြီး ပြန်ဖွင့်လာရင်တော့ မြန်မာစာ ရေးလို့ ဖတ်လို့ ရသွားပါပြီ..။
မြန်မာစာရိုက်တဲ့ ကီးဘုတ်မပေါ်သေးရင်တော့ ဖုန်းရဲ့ Setting >>
Language and Input မှာ FrozenKeaboard ကို အမှန်ခြစ်ပေးလိုက်ရင်
စာရိုက်လို့ ရသွားပါပြီ..။
အပေါ်ကပုံအတိုင်း MMSD Smart Zawgyi Changer နဲ့ မြန်မာစာ အဆင်ပြေသွားတဲ့ ပုံလေးပါ..။
နောက်တခုကတော့ MM Aio Font Changer ကို အသုံးပြုရင်လည်း lenovo 4.2.2.
ဖုန်းတွေမှာ မြန်မာစာ ရပါတယ်..။ အင်တာနက်သုံးတဲ့ Browser တွေနဲ့ Facebook
တို့မှာ မြန်မာစာ ပေါ်ပေမယ့် အားနည်းချက်တခုကတော့ ဖုန်း Contact မှာ
မြန်မာစာ ရိုက်လို့ မထွက်ပါဘူး..။ ကျနော် MM Aio Font Changer ကို
အောက်ကပုံလေးအတိုင်း Install ထည့်ပြီး ဖွင့်ပါတယ်..။
ဖွင့်လိုက်တာနဲ့ Root Access တောင်းရင် အောက်ကပုံလေးအတိုင်း အနီးဝိုင်းပြထားတဲ့ နေရာကို တချက်နှိပ်ပေးလိုက်ပါ..။
ပြီးရင်တော့ မိမိတို့ဖုန်းရဲ့ ဗါးရှင်းနဲ့ တူတာကို အောက်က အဝါရောင်
အဝိုင်းတွေထဲမှာ ရှာယူပါ..။ 4.2.2 ဖြစ်တဲ့အတွက် အောက်ပုံလေးတွေ အတိုင်း
Smart ဇော်ဂျီမှာ အမှန်ခြစ်ပေးပြီး XML Method ကို နှိပ်ပေးလိုက်ပါ..။
အောက်ဆုံးပုံလေးတွေအတိုင်း အလုပ်လုပ်တာကို ခဏစောင့်နေပေးပြီးရင် ဖုန်း
Restart ကျပါတယ်..။ ပြန်ပွင့်လာရင်တော့ မြန်မာစာ ရပါပြီ..။
မြန်မာစာ ရိုက်တဲ့အခါမှာတော့ ပုံမှန်ဖေါင့်ဆိုဒ်နဲ့ အဆင်မပြေတဲ့အတွက်
ကီးဘုတ်ကို ဖွင့်ထားပြီး Setting ကနေ ဖေါင့်ဆိုဒ်ကို သွားတိုးပေး
ကြီးပေးရမှာ ဖြစ်ပါတယ်..။ အောက်ကပုံလေးတွေ အတိုင်းပါ..။
80 လောက်ရှိတာကို 130 လောက် ထားပေးလိုက်ရင် အောက်ဆုံးပုံအတိုင်း မြန်မာစာ ရေးလို့ ရပါပြီ..။
ဒီလောက်ဆိုရင်တော့ Lenovo 4.2.2 ဖုန်းတွေနဲ့ တခြား Android 4.2.2
တွေမှာလည်း မြန်မာစာ ရေးလို့၊ ဖတ်လို့ ရအောင် လုပ်တတ်သွားပါပြီ..။
အားလုံးပဲ လေ့လာရင်း အဆင်ပြေပါစေဗျာ..။
Friday, July 11, 2014
Photoshop ဖြင့်ဓါတ်ပုံများကို အရိပ်ထွက်အောင် ဖန်တီးခြင်း
ကျနော် Photoshop လေ့ကျင့်ခန်းလေးတွေ မတင်ပေးဖြစ်တာ ကြာသွားပါပြီ..
ဆော့ဝဲလ်တွေပဲ အများဆုံး တင်ပေးဖြစ်နေတာ.. ဒီနေ့တော့ Photoshop
လေ့ကျင့်ခန်းလေးတွေ မျှော်လင့်နေတဲ့ သူငယ်ချင်းများအတွက် လေ့လာလို့
အဆင်ပြေမယ့်.. လွယ်ကူ၊ ရှင်းလင်းမယ့် နည်းလမ်းလေးကို စဉ်းစားရင်း..
ကျနော်တို့ Photoshop စသင်ခါစက အရင်ဆုံး စစချင်းထဲမှာပါတဲ့
ဒီပုံရိပ်ထင်အောင် လုပ်နည်းလေးကို လေ့ကျင့်ခန်းတခု အနေနဲ့
ပြန်လည်မျှဝေပေးလိုက်ပါတယ်..။ ဒီနည်းလေးနဲ့ မိမိတို့ရဲ့ ပုံလေးတွေကို
ပုံရိပ်လေးတွေထင်အောင် အလွယ်တကူ ဖန်တီးယူလို့ ရမှာ ဖြစ်ပါတယ်..။
စာတွေအများကြီး ရေးမနေတော့ပါဘူး.. အောက်ကပုံလေးတွေ အတိုင်းသာ
လိုက်လုပ်ကြည့်ကြပါဗျာ.. တဆင့်ချင်းစီပြထားလို့ ပုံတွေတော့
နည်းနည်းများပါတယ်.. ဒီပိုစ့်ကို ကျနော် PDF ဖိုင်နဲ့ ထုတ်ပေးထားပါတယ်..
အရင်တုန်းက Photoshop လေ့ကျင့်ခန်းလေးတွေကိုလည်း နောက်တင်မယ့် ပိုစ့်မှာ
PDF ဖိုင်နဲ့ စုပြီးပြန်လည် ထုတ်ပေးသွားပါအုန်းမယ်..
ကျနော် ဒီလေ့ကျင့်ခန်းလေးကို Photoshop CS3 Portable
နဲ့ ဖန်တီးပြထားတာ ဖြစ်ပါတယ်.. Photoshop Portable တွေထဲမှာတော့ ဒီ CS3
လေးက အတော်လေး အသုံးပြုရ အဆင်ပြေလို့ပါ.. ကျနော့်ဆိုဒ်ထဲမှာ တင်ပေးထားတာ
ရှိပါတယ်.. လိုအပ်တဲ့သူများ ဒီနေရာကနေ သွားယူလိုက်ပါဗျာ.. Photoshop CS3 ရှိပြီဆိုရင်တော့ ဒီလေ့ကျင့်ခန်းလေးကို စလိုက်ကြရအောင်..
Photoshop CS3 ကိုဖွင့်ပါ.. အောက်ကပုံအတိုင်း မိမိတို့ ပြုလုပ်ချင်တဲ့
ပုံတပုံကို ယူလိုက်ပါ.. ကျနော်ကတော့ ကာတွန်းပုံလေးတွေနဲ့ လုပ်ပြထားပါတယ်..
အပေါ်ကအတိုင်း ပုံတပုံယူပြီးရင်တော့.. အောက်ကအတိုင်း Photo ဆိုဒ်နဲ့ စာရွက်အလွတ် တရွက် ယူပါ..
ဒီနေရာမှာ မိမိတို့ ယူလိုက်တဲ့ စာရွက် အဖြူတရွက်ကို ဘယ်လို
အရောင်ပြောင်းမလဲ ဆိုတာပါ.. လမ်းကြုံတုန်း တခါတည်း လုပ်ပြသွားပါမယ်..
အောက်ကပုံအတိုင်း Color Picker (Foreground Color) ဘောက်စ်လေးပေါ်အောင် A
နေရာက အပေါ်ဘက်(ရှေ့ဘက်) ပုံလေးကို ၂ချက်တောက်လိုက်ပါ.. Color Picker
(Foreground Color) ဘောက်စ်ပေါ်လာရင် ပုံမှာပြထားတဲ့ အတိုင်း မိမိတို့
ကြိုက်တဲ့ အရောင်ကို ယူပြီး OK ပေးလိုက်ပါ.. ဒီမှာတော့ အနီရောင်နဲ့
လုပ်ပြထားပါတယ်..
ကျနော်ယူလိုက်တဲ့ အနီရောင်လေး စာရွက်အဖြူပေါ်ရောက်ဖို့ ကီးဘုတ်က Alt+Delete
ကီးကိုတွဲနှိပ်ပါတယ်..။ အောက်ကပုံအတိုင်း စာရွက် အဖြူရောင်ကနေ အနီရောင်
ပြောင်းသွားတာကို မြင်ရပါပြီ..
နောက်တခုက နောက်ကာလာကို ပြန်ပြောင်းချင်ရင်.. ဒီမှာတော့ ကျနော်က တခါတည်း
ပြလက်စနဲ့ နောက်ဘက်အဖြူကိုပါ အရောင်ပြောင်းလိုက်ပါတယ်.. အောက်ကပုံအတိုင်း
အောက်ဘက် အဖြူရောင်နေရာကို ၂ချက်တောက်လိုက်ပြန်ပါတယ်..။ အောက်ဖက်က ဖြစ်တဲ့
အတွက် ပေါ်လာတဲ့ ဘောက်စ်ကလည်း Color Picker (Background Color) လို့
စာသားပါပြောင်းသွားပါတယ်..။ အဲ့ဒီထဲမှာ မိမိတို့ ကြိုက်တဲ့ ပြောင်းချင်တဲ့
အရောင်ကိုယူပါ.. ကျနော်ကတော့ အပြာရောင်ကို ပုံမှာပြထားတဲ့ အတိုင်း
ယူလိုက်ပါတယ်..။
၂ချက်တောက်ရမယ့်နေရာမှာ အနီရောင်နဲ့ အပြာရောင် ၂ခုဖြစ်သွားပါပြီ..။
အနီရောင်ကနေ အောက်ဖက် အပြာရောင်ကို ပြန်ပြောင်းချင်ရင်တော့ ကီးဘုတ်မှ
Ctrl+Delete ကီးကို တွဲနှိပ်လိုက်ရင် အောက်ကပုံအတိုင်း အနီရောင်ကနေ
အပြာရောင် ပြောင်းသွားပါပြီ.. ဘယ်အရောင်ပဲ ထည့်ထည့် လုပ်ရမယ့် နည်းကတော့
ဒီအတိုင်းပါပဲ..။ ဒီအဆင့်ကို အဆင်ပြေမယ်လို့ ထင်ပါတယ်..
ဒါပေမယ့် ကျနော်က အဲ့ဒီအနီတို့ အပြာတို့နဲ့ မလုပ်ပါဘူး.. ဘာလို့လဲဆိုတော့
အရိပ်ထွက်အောင် လုပ်မှာဖြစ်တဲ့အတွက် နေထိုးနေတဲ့ နောက်ခံလေးကို ယူမှာပါ..။
ဒါကြောင့် အောက်ကပုံအတိုင်း 1 နေရာမှာ Right Click ထောက်ပြီး နောက်ခံ
နေထိုးနေတဲ့ ဒီဇိုင်းလေးကို စယူပါမယ်.. 3 နေရာမှာတော့ ကလစ်ပြီး Sample ကနေ
သွားယူလိုက်ရင် အဖြူနဲ့ စပ်ထားတဲ့ အရောင်မျိုးစုံကို ရွေးယူလို့ ရပါတယ်..
ဟိုအရင်တုန်းက တင်ပေးပြီးသားဖြစ်တဲ့ Photoshop ဖြင့်စာလုံး ဒီဇိုင်းများ ဖန်တီးခြင်း ပိုစ့်မှာ
သေချာရှင်းပြထားပါတယ်.. လိုအပ်ရင်ပြန်ကြည့်လိုက်ပါ..။ အခုဒီမှာလည်း
အဲ့ဒီနည်း တိုင်းပါပဲ.. နေထိုးနေတဲ့ ဒီဇိုင်းလေးတခုကို အောက်ကပုံအတိုင်း
ကျနော်ယူလိုက်ပါတယ်..။ 5 နေရာမှာတော့ မောက်စ်မျှားနဲ့ အောက်ဖက်ကို
ဖိဆွဲရမှာပါ.. ဒါဆိုရင် အောက်ကပုံအတိုင်း ဒီဇိုင်း တခုကို ရရှိပါပြီ..
ပြီးရင် ကျနော် အစောပိုင်းက ယူထားတဲ့ ပုံလေးတွေထဲက ပုံတပုံကို
နောက်ခံအရောင်ကို ဖျက်ပါတော့မယ်.. ပုံရဲ့နောက်ကအရောင်က အဖြူရောင် ဖြစ်တဲ့
အတွက် Eraser Tool ပေါ်မှာ Right Click ထောက်ပြီး ပေါ်လာတဲ့ထဲက Magic Eraser
Tool ကို ပုံမှာပြထားတဲ့ အတိုင်း ကလစ်ပြီး ယူလိုက်ပါတယ်..။ ပုံရဲ့နောက်က
နောက်ခံအရောင်တူတဲ့ ကာလာတွေကို ဖျက်တဲ့အခါမှာ ဒီ Magic eraser Tool လေးက
အတော်လေး အသုံးဝင်ပါတယ်.. နောက်ခံအဖြူရောင်ပေါ်မှာ တချက်ကလစ်လိုက်တာနဲ့
အရောင်တူတဲ့ အဖြူရောင်တွေအားလုံးကို ဖျက်ပေးပါလိမ့်မယ်..။ အဖြူပဲဖြစ်ဖြစ်၊
အပြာပဲ ဖြစ်ဖြစ် ဒီ Magic eraser Tool လေးက တချက်ထဲနဲ့ အရောင်တူဆို
အကုန်ဖျက်ပေးပါတယ်..။ အောက်ကပုံမှာ ဆက်ကြည့်ပါ..
အပေါ်ပုံနဲ့ အောက်ပုံမှာ ပြထားတဲ့ အတိုင်း Magic eraser Tool ကို ပြောင်းပြီး အရုပ်ရဲ့အောက်က အဖြူရောင်ပေါ်မှာ တချက်ကလစ်လိုက်ပါ..
အောက်ကပုံမှာ နောက်ခံ အဖြူရောင်တွေ မရှိတော့ပါဘူး.. အကွက်လေးတွေ
ပြောင်းသွားပါပြီ.. အမဲရောင်ဖြစ်တဲ့ ကြွက်နှုတ်ခမ်းမွေးလေးတွေ ဒီတိုင်း
ကျန်နေခဲ့ပါတယ်.. ကျနော်အဲဒါကို လိုချင်လို့ ဒီ Magic eraser Tool နဲ့
ဖျက်ပြတာပါ.. နောက်ခံ အကွက်လေးတွေ ဖြစ်သွားတဲ့ အတွက် ဒီအရုပ်လေးကို Move
Tool နဲ့ တခြား စာရွက်ပေါ်ကို ဆွဲယူလို့ ရသွားပါပြီ..
အောက်ကပုံအတိုင်း ဝင်းဒိုး၂ခု(ဘောက်စ်၂ခု) ယှဉ်ထားပြီး A နေရာက Move Tool
ကိုတချက်ကလစ်.. B နေရာက အရုပ်ပေါ်မှာ တချက်ဖိထားပြီး.. ဟိုဘက် နေထိုးနေတဲ့
ဒီဇိုင်း စာရွက်ပေါ်ကို အရုပ်ကလေး ဆွဲယူလိုက်ပါတယ်..။
အစိမ်းရောင်ပေါ်ကို ပုံလေး ရောက်သွားပါပြီ.. နှုတ်ခမ်းမွေးတွေ၊ ဆံပင်မွေးတွေ အားလုံးပါလာပါတယ်..။ အောက်ပုံ..
ရောက်လာတဲ့ပုံလေးကို ကီးဘုတ်မှ Ctrl+T နဲ့ အကြီး၊အသေး လိုသလို မိမိတို့
စိတ်ကြိုက် ပြုပြင်ယူလိုက်ပါ.. ပုံမှာပြထားတဲ့ ဘောင်လေး ပျောက်သွားဖို့
Enter ကို ခေါက်ပေးလိုက်ပါ..
Enter ခေါက်ပြီးရင် အောက်ကပုံအတိုင်း မြင်ရပါပြီ.. ဒီနေရာမှာ စပြီး
နောက်ကအရိပ်ထွက်အောင် လုပ်ပါပြီ.. အဲ့ဒီတော့ လေယာဘောက်စ်ရဲ့ အောက်ဆုံးက Fx
နေရာမှာ တချက်ကလစ်ပြီး Drop Shadow ကိုထပ်ကလစ်ပါ.. ပုံမှာပြထားပါတယ်..
အောက်ကပုံအတိုင်း ထပ်ပေါ်လာရင် အမှန်ခြစ်ပေးပြီး OK နှိပ်ပါ.. လေယာနေရာမှာ 3 နေရာက Drop Shadow လေးပေါ်လာပါပြီ..။
အဲဒီ Drop Shadow ပေါ်မှာ Right Click ထောက်ပြီး.. Create Layer ကိုကလစ်ပါတယ်.. ပေါ်လာတဲ့ ဘောက်စ်မှာ OK ပေးလိုက်ပါ..
ဒါဆိုရင်တော့ Drop Shadow နေရာမှာ အောက်ကပုံမှာ ပြထားတဲ့ အတိုင်း ပြောင်းသွားပါပြီ..
အဲ့ဒီ Layer 1's Drop Shadow ကို တချက်ကလစ်ပြီး ကီးဘုတ်မှ Ctrl+T ကိုတွဲနှိပ်လိုက်ပါ..။
ပေါ်လာတဲ့ သူ့ရဲ့ဘောက်စ်လေးထဲမှာ Right Click ထောက်ပြီး Skew ကိုတချက်ကလစ်ပါ..
နောက်ထပ် Right Click ပြန်ထောက်ပြီး အောက်ကပုံအတိုင်း Distort ကို တချက်ကလစ်ပါတယ်..
ပြီးရင်တော့ မျှားပြထားတဲ့ အတိုင်း ဒေါင့်သုံးထောင့်ကနေ ဘေးဘက်ကို
ဖြေးဖြေးချင်း ဆွဲထုတ်လိုက်ပါတယ်.. စိတ်တိုင်းကျဖြစ်ရင် Enter
ခေါက်လိုက်ပါ..။
အောက်ကပုံအတိုင်း မြင်ရပါပြီ.. ဒါပေမယ့် နောက်က ထွက်လာတဲ့ အရိပ်က သိပ်မဲနေတဲ့ အတွက် Opacity ကနေ ကာလာ လျှော့ပြီး ချိန်ပေးလိုက်ပါ..
အပေါ်ပုံနဲ့ အောက်ပုံမှာ အရိပ်ထွက်လာတာ အရောင်မတူတော့ ပါဘူး.. လိုအပ်ရင်
ထပ်ရှော့ပေးလိုက်ပါ.. မိမိတို့ မျက်စိနဲ့ ကြည့်လို့ အဆင်ပြေမယ့် အနေအထားကို
ချိန်ယူလိုက်ပါ.. ကျနော်ပြထားတဲ့ အတိုင်း လိုက်လုပ်ရမယ်လို့ မဆိုလိုပါ..
အောက်ကပုံအတိုင်း ရေးရေးလေးဖြစ်အောင် ထပ်ရှော့ပေးလိုက်ပါတယ်..
စိတ်တိုင်းကျဖြစ်ပြီဆိုရင်တော့ အောက်ကပုံအတိုင်း လေယာတွေ အားလုံးကို ပေါင်းပေးလိုက်ပါ..
အောက်ကပုံမှာတော့ လေယာတခုတည်း ဖြစ်သွားပါပြီ..
သိမ်းတော့မယ်ဆိုရင်တော့ အရင်တုန်းက အတိုင်းပါပဲ.. လေ့လာခါစ လူသစ်တွေအတွက်
ဒီနေရာကို ပြန်ပြပေးလိုက်ပါတယ်..။ အောက်ကပုံအတိုင်း File ကနေသွားလိုက်ပါ..
ရှာရလွယ်အောင် Desktop မှာသိမ်းပါတယ်.. 2 နေရာမှာ နာမည်ပေး.. 3 နေရာမှာ JPEG ဓါတ်ပုံဖေါ်မတ်ပြောင်းပြီး Save ကို နှိပ်ပါ..
အောက်ကပုံအတိုင်းပေါ်လာရင် OK ပေးပါ..
အောက်ဆုံးပုံအတိုင်း Desktop မှာ ကျနော်သိမ်းလိုက်တဲ့ ပုံလေး
ရောက်နေပါပြီ.. အားလုံးပဲ မိမိတို့ရဲ့ ဓါတ်ပုံလေးတွေကို စိတ်တိုင်းကျ
ဖန်တီးနိုင်၍ ပျော်ရွှင်ကြပါစေဗျာ..
ကျနော် ဒီလေ့ကျင့်ခန်းလေးကို PDF ဖိုင်နဲ့ ထုတ်ပေးလိုက်ပါတယ်..
အင်တာနက်လိုင်း မရှိတဲ့ နေရာတွေမှာလည်း ဒီလေ့ကျင့်ခန်းလေးကို
ပြန်လည်ဖတ်ရှု့၊ လေ့ကျင့် နိုင်အောင်လို့ပါ.. လိုအပ်တဲ့သူများ အောက်ကလင့်ကနေ
ဒေါင်းယူထားလိုက်ပါဗျာ..
Subscribe to:
Comments
(
Atom
)




























